Post အသစ်တင်တိုင်ဖတ်ချင်ရင် Like နှိပ်ပေးသွားပါနော်

မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Friday, September 22, 2017

♪ ကွန်ပျူတာ သုံးစွဲသူတွေအတွက် နည်းပညာနဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ဝက်ဘ်ဆိုက်များ ♫

ကွန်ပျူတာ သုံးစွဲနေသူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ နည်းပညာ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် သုံးစွဲသင့်တဲ့ ဝက်ဘ်ဆိုက် တွေဖြစ်ပါတယ်။ ဒီဆိုက်တွေထဲမှာ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ပြဿနာပေါင်းများစွာကို အမေးအဖြေ လုပ်နိုင်ဖို့အတွက်သာမက အခြားသော ကဏ္ဍပေါင်းများစွာကို ဖော်ပြပေးထားတဲ့ forum တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

Bleeping Computer Forum
Bleeping Computer Forum ဆိုတဲ့ ဆိုက်ဟာ tech နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖတ်ရှုနိုင်မယ့် forum တစ်ခုဖြစ်ပါတယ်။ Windows နဲ့ Mac တို့မှာဖြစ်တတ်တဲ့ ပြဿနာတွေကို အဆိုပါ forum မှာ မေးမြန်းနိုင်သလို ဖတ်ရှုနိုင်မှာလည်းဖြစ်ပါတယ်။



Computer Hope Forum
Computer Hope Forum ဆိုတဲ့ ဆိုက်ဟာ Microsoft Windows, DOS, Networking, Hardware, Web Design တို့အပြင် အခြားသော Operating System တို့ဖြစ်တဲ့ Linux, Mac အစရှိတာတွေရဲ့ အကြောင်း အရာတွေကို လေ့လာဝေမျှနိုင်အောင် စီစဉ်ပေးထားတဲ့ forum တစ်ခုဖြစ်ပါတယ်။ ဒီ forum မှာ နည်းပညာနဲ့ ပ တ်သက်တဲ့ အခြားအကြောင်းအရာများ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ သတင်းများကိုလည်းဝေမျှ ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။



Linux.com
Linux.com ဆိုတဲ့ ဆိုက်ကတော့ Linux နဲ့ပတ်သက်တဲ့ အချက်အလက်များ software, hardware တို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာများ ကိုဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ Linux system administration ပိုင်းမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာတွေကိုလည်း အဆိုပါ ဆိုက်မှာ လေ့လာ ဖတ်ရှုနိုင်သလို မေးမြန်းဝေမျှ နိုင်မှာ လည်း ဖြစ်ပါတယ်။



Apple Support Communities
Apple နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပြဿနာတွေကိုမေးမြန်းနိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ Apple အမှတ်တံဆိပ် hardware တွေနဲ့ Mac software တွေရဲ့ အကြောင်းအရာတွေကို အဆိုပါ ဆိုက်မှာ မေးမြန်းနိုင်အောင် စီစဉ်ပေးထားပါတယ်။



Microsoft Communities
Microsoft Communities ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ Microsoft ရဲ့ ထုတ်ကုန်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာနိုင်အောင် စီစဉ်ပေးထားပါတယ်။ Windows, Office, Windows Insider Program, Surface အစရှိတာတွေနဲ့ Microsoft ရဲ့ ထုတ်ကုန်တွေ နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှင်းလင်းချက်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။



Google Group နဲ့ Yahoo Answers
Google Group နဲ့ Yahoo Answers တို့ဟာ နည်းပညာ အပါအဝင်အခြား အကြောင်းအရာတွေကို ဝေဖန် ထားသူများရေးသားထောက်ပြထားတဲ့အတွက် သုံးစွဲသူတွေ အကျိုးရှိစေမယ့် ဆိုက်တွေဖြစ်ပါတယ်။ Yahoo Answers မှာ သိရှိလိုတဲ့အကြောင်းအရာ ကဏ္ဍကိုရွေးချယ်ပြီး ရှာဖွေရမှာဖြစ်သလို၊ Google Group ကတော့ search box ကနေ ကိုယ်သိရှိလိုတဲ့ အကြောင်းအရာကို ရိုက်ထည့်လိုက်တာနဲ့ ပိုမိုတိကျတဲ့ အမေး အဖြေတွေကို group တစ်ခုချင်းစီအနေနဲ့ တွေ့မြင်ရနိုင်မှာဖြစ်ပါတယ်။



Reddit
Reddit ဆိုတဲ့ ဝက်ဘ်ဆိုက်ကတော့ သတင်းအချက်အလက်တွေနဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မေးမြန်း ဖတ်ရှုနိုင်သလို အခြားသော အကြောင်းအရာ ကဏ္ဍပေါင်းများစွာကို လေ့လာ ကြည့်ရှုနိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။



YouTube
အချို့အကြောင်းအရာတွေ ပြဿနာတွေကို web ပေါ်ကနေ text အနေနဲ့ ရှာမတွေ့တဲ့အချိန်မျိုးမှာ YouTube ကို အသုံးပြုပြီး အဆိုပါ အကြောင်းအရာတွေကိုရှာဖွေနိုင်ပါတယ်။ YouTube မှာ သန်းပေါင်း ၈၅သန်းခန့် ရှိတဲ့ ဗီဒီယိုတွေကိုတင်ထားပေးတာဖြစ်တဲ့အတွက် သက်ဆိုင်ရာပြဿနာတွေအကြောင်းအရာတွေကို အလွယ်တကူနဲ့ ရှာဖွေကြည့်ရှုနိုင်ပါတယ်။



Social Media
Social Media ဆိုတဲ့ ကဏ္ဍအောက်မှာတော့ Facebook, Twitter, Google Plus တို့ ပါဝင်မှာဖြစ်ပါတယ်။ နည်းပညာနဲ့ ပတ်သက်တဲ့ ပြဿနာတွေရဲ့အဖြေတွေကို အဆိုပါ social media တွေပေါ်ကနေ လည်း ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

-သီဟ
Credit to ==> Internet Journal
Read More ...

♪ Android ဂိမ်းများကို Windows ကွန်ပျူတာပေါ်တွင် ထည့်သွင်းကစားခြင်း ♫

Android စနစ်သုံး Device တွေမှာအသုံးပြုတဲ့ App တွေနဲ့ ဂိမ်းတွေကို ကွန်ပျူတာပေါ်မှာ ထည့်သွင်းပြီး အသုံးပြုနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ အချို့ User တွေဟာ Android ဖုန်းတွေကို ဂိမ်းတွေကို ကစားကြပြီး ဖုန်းပေါ်ကဂိမ်းတွေကို ကွန်ပျူတာပေါ်မှာ တင်ပြီးကစားချင်သူတွေအနေနဲ့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

Android ဂိမ်းတစ်ခုကို ကွန်ပျူတာပေါ်မှာ ကစားနိုင်ဖို့အတွက် ပထမဆုံး လိုအပ်တာကတော့ XePlayer ဆိုတဲ့ App ဖြစ်ပါတယ်။ ဒီ App ကိုတော့ goo.gl/ZaBnG2 ဒီလင့်ကနေ Download ပြုလုပ်ပြီး ရယူနိုင်ပါတယ်။

App ကို Download ရရှိပြီဆိုရင်တော့ ကွန်ပျူတာပေါ်မှာ Install ပြုလုပ်လိုက်ပါ။ ဒါဆိုရင် ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။
ပြီးရင်တော့ ကွန်ပျူတာမှာရှိနေတဲ့ XePlayer App ကိုဖွင့်လိုက်ပါ။ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။
XePlayer ကိုဖွင့်လိုက်တဲ့အခါမှာ ကွန်ပျူတာရဲ့ မြင်ကွင်းက ဖုန်းတစ်လုံးလို ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ကိုယ်အသုံးပြုချင် တဲ့ ဂိမ်းကို ထည့်သွင်းဖို့အတွက် Download လုပ်ရမှာဖြစ်ပါတယ်။ XePlaey ထဲမှာ Playstore ရှိပါတယ်။ ဒါကြောင့် Playstore ကို ဖွင့်လိုက်ပါ။
Playstore ကိုဖွင့်ပြီးရင် မိမိ Download လုပ်ချင်တဲ့ဂိမ်းကို Playstore ပေါ်မှာ ရှာဖွေလိုက်ပါ။
ပြီးရင် ဂိမ်းကို Install လုပ်လိုက်ပါ။
ပြီးရင်တော့ အားလုံးကို Back နှိပ်ပြီး အစအထိ ပြန်ထွက်လိုက်ပါ။ ဒီလိုပြန်ထွက်ဖို့အတွက် App မြင်ကွင်းရဲ့ ဘေးဘောင်ပေါ်မှာ Android ဖုန်းမှာပါတဲ့ ခလုတ်တွေအတိုင်း Back, Recent, Home ခလုတ်တွေ အားလုံးပါဝင်ပါတယ်။
ပြီးရင်တော့ မိမိ Download ပြုလုပ်ထားတဲ့ ဂိမ်းကိုဖွင့်ပြီး ကစားနိုင်ပါပြီ။


-ကိုသက်

Credit to ==> Internet Journal
Read More ...

♪ Facebook မှာ myanmar unicode နဲ့ Zawgyi ကို Auto ပြောင်းအောင် ဘယ်လိုလုပ်မလဲ။ ♫

Facebook ရဲ့ version အသစ်မှာ မြန်မာစာ unicode နဲ့ zawgyi ဆိုပြီး Font နှစ်မျိုးကွဲနေတဲ့ ပြဿနာကို Facebook က ဖြေရှင်းလိုက်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် Facebook app တစ်ခုတည်း အတွက်ပဲဖြစ်တာကြောင့် အခြား စနစ်တွေမှာ မြန်မာလို သုံးဖို့အတွက်တော့ အဆင်မပြေသေးပါဘူး။ ဥပမာ Messenger ပို့တဲ့နေရာမှာ Zawgyi font ကတော့ လိုအပ်နေဦးမှာပါ။ ဒါကြောင့် ပိုပြီး အဆင်ပြေသွားမှာက unicode နဲ့ Facebook မှာ ရေးထားတာတွေကို အခက်အခဲမရှိ ဖတ်နိုင်မှာပဲဖြစ်ပါတယ်။

iOS သုံးသူတွေအတွက်ကတော့ Facebook နောက်ဆုံး version 136.0 ဟုတ်မဟုတ်အရင်ကြည့်ပါ။ မဟုတ်ဘူးဆိုရင်တော့ App Store မှာ update လုပ်ပါ။ အားလုံးပြီးရင်တော့ Zawgyi Profile ကို ဖျက်ပစ်ရပါမယ်။ အဲလိုမဖျက်ဘူးဆိုရင် font တွေလွဲနေတာကိုတွေ့ရပါမယ်။ MyFont ထဲကို ပြန်ဝင်ပြီး Zawdecode profile ကို ပြန်ထည့်ရင် စာလုံးတွေ အဆင်ပြေပြေ ပေါ်သွားမှာပဲဖြစ်ပါတယ်။

Android ဖုန်းတွေအတွက်ကတော့ Facebook က version ကို App setting ထဲမှာ ဝင်ကြည့်ပြီး နောက်ဆုံး Version 136.0.0.22.91 ဟုတ်မဟုတ်ဝင်ကြည့်နိုင်ပါတယ်။ အကယ်လို့ နောက်ဆုံး Version မဟုတ်ဘူးဆိုရင်တော့ Playstore ထဲဝင်ပြီး Facebook ကို update ဝင်လုပ်နိုင်ပါတယ်။ Update လုပ်ပြီးပြီဆိုရင်တော့ Myanmar Unicode နဲ့ Zawgyi ကို အလိုအလျောက် ပြောင်းပေးမှာဖြစ်ပါတယ်။ unicode ကို သီးသန့်သုံးတဲ့သူတွေလည်း Facebook version အသစ်မှာ zawgyi font နဲ့ ရေးသားထားတာတွေကို ဖတ်နိုင်တော့မှာဖြစ်ပါတယ်။

Zawgyi နဲ့ unicode အပြန်အလှန်အလိုအလျှောက်ပြောင်းပေးတဲ့ စနစ်ကို Facebook account တိုင်းမရပါဘူး။ see convertion ရနေတဲ့ Account ပိုင်ရှင် အချို့မှာတော့ အလိုအလျှောက်ပြောင်းပေးတဲ့ စနစ်ကို မရတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် အကောင့်တော်တော်များများမှာ Zawgyi နဲ့ unicode ကို အလိုအလျှောက် အပြန်အလှန်ပြောင်းပေးတာတွေ့ရပါတယ်။


-စည်သူ
Credit to ==> Internet Journal
Read More ...

♪ Ubuntu OS မှာ MKVToolNix ကို ထည့်သွင်းခြင်း ♫


MKVToolNix ဆိုတဲ့ ဆော့ဖ်ဝဲဟာ Ubuntu OS မှာ mkv ဖိုင်တွေကို ဖန်တီးခြင်း ဖြတ်ထုတ်ခြင်းအပိုင်းများ ပြုလုပ်ခြင်း အစရှိတာတွေကို ဖန်တီးပြုလုပ်နိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ MKV ဖိုင်တွေကို ထည့်သွင်းပြီး ပြင်ဆင်နိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။

MKVToolNix ကို Ubuntu OS မှာ ထည့်သွင်းမယ်ဆိုရင် အဆိုပါ နည်းလမ်းအတိုင်း ထည့်သွင်းနိုင် ပါတယ်။ ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ် ပေးရပါမယ်။

MKVToolNix ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

ပထမဆုံး repository ကို sudosh -c ‘echo “deb http://mkvtoolnix.download/ubuntu/$(lsb_release -sc)/ ./” >> /etc/apt/sources.list.d/bunkus.org.list’ ဆိုတဲ့ command နဲ့ add လိုက်ပါ။
ပြီးရင် repository key ကို install လုပ်ဖို့အတွက် wget -q -O – https://mkvtoolnix.download/gpg-pub-moritzbunkus
.txt | sudo apt-key add-ဆိုတဲ့ command ကို ထည့်သွင်း ရပါမယ်။
နောက်ထပ် ထည့်သွင်းရမယ့် command ကတော့ –
sudo apt-get update
sudo apt-get install mkvtoolnixmkvtoolnix-gui
ဆိုတဲ့ command ပဲဖြစ်ပါ တယ်။
အဆိုပါ MKVToolNix ကို အသုံးမပြုချင်တော့ဘူးဆိုရင် –
sudo apt-get remove mkvtoolnixmkvtoolnix-gui
sudo apt-get autoremove ဆိုတဲ့ command တွေနဲ့ ပြန်လည် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။


-သီဟ
Credit to ==> Internet Journal
Read More ...

♪ Android Phone ကနေ Windows 10 ဘယ်လို ထည့်သွင်းမလဲ ♫

USB flash drive တွေဟာ အတော်ကို အသုံးဝင်တဲ့ device တစ်ခုဖြစ်ပါတယ်။ USB flash drive တွေအလွယ်တကူမရှိတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် DVD drive တွေ အလွယ်တကူမရှိတဲ့ အခါမှာပဲဖြစ်ဖြစ် Android phone တွေကို သုံးစွဲပြီး Windows 10 ကို ထည့်သွင်း နိုင်ပါတယ်။ Windows 10 ကို Android phone device တွေကနေ ထည့်သွင်းချင်တယ်ဆိုရင် ဖော်ပြပေးထားတဲ့ နည်းလမ်းနဲ့ ထည့်သွင်းနိုင်ပါတယ်။
Android phone ကနေ Windows 10 ကို ထည့်သွင်းဖို့အတွက် လိုအပ်ချက်ကတော့ Android phone ဟာ root လုပ်ထားတဲ့ android ဖုန်းဖြစ်ရပါမယ်။ Android device မှာ storage 4.5GB လောက် free space ရှိရမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ Windows 10 ISO file လိုအပ်မှာဖြစ်ပါတယ်။ ISO file ကို http://bit.ly/2gNF1m3 ဆိုတဲ့ဝက်ဘ်ဆိုက်မှာ သွားရောက်ရယူနိုင်ပါတယ်။

ဒီနည်းလမ်းကို သုံးစွဲဖို့အတွက် Android phone ထဲမှာ Drivedroid ဆိုတဲ့ app ကို ထည့်သွင်းရပါမယ်။ Drivedroid app ကို http://bit.ly/2xcz3SS ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကနေ ရယူနိုင်မှာဖြစ်ပါတယ်။




ပထမဆုံး Drivedroid ဆိုတဲ့ app ကို မိုဘိုင်းဖုန်းထဲမှာ Install လုပ်ပါ။ ပြီးရင် အဆိုပါ app ကို ဖွင့်ပြီး setup ဆိုတဲ့ ခလုတ်ကို နှိပ်ရပါမယ်။
ဒုတိယ အဆင့်ကတော့ Proceed root ဆိုတာကို နှိပ်ပြီး root လုပ်ဆောင်မယ့် device root ဖြစ်မဖြစ်အတည်ပြု ရမှာ ဖြစ်ပါတယ်။



အဆိုပါ အဆင့်ပြီးပြီဆိုရင် Android device နဲ့ PC ကို USB cable နဲ့ချိတ်ဆက်ပေးရပါမယ်။ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးပြီဆိုရင် Deivedroid ကနေ USB system ကို Standard Android kernel ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။
ပြီးရင် PC ပေါ်ကနေ File Manager ကိုဖွင့်ပြီး Drivedroid ကို mount လုပ်ရမှာဖြစ်ပါတယ်။



Download လုပ်ယူထားတဲ့ Windows 10 ISO file ကို SD card ထဲကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ပြီးရင် Drivedroid app ကိုဖွင့်ပြီး အောက်ခြေနားမှာရှိတဲ့ “+” ခလုတ်ကို နှိပ်လိုက်ပါ။ Add image from file ဆိုတာ ကိုရွေးချယ်ရပါမယ်။

Windows 10 ISO file ရှိတဲ့ SD card ထဲက လမ်းကြောင်းကိုရွေးချယ်ရမှာဖြစ်ပါတယ်။



နောက်တစ်ဆင့်က Host image လုပ်တဲ့အခါမှာ CD-ROM ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။



Host image ကို ရွေးချယ်ပြီးပြီဆိုရင် Windows 10 ကိုထည့်သွင်းဖို့အတွက် Android device က အဆင်သင့် ဖြစ်နေပြီဖြစ်ပါတယ်။ Hosting image on USB ဆိုတာကို Drivedroid မှာ မြင်တွေ့နေရမှာ ဖြစ်ပါတယ်။



အဆိုပါ အဆင့်တွေပြီးပြီဆိုရင် PC ဘက်က လုပ်ဆောင်ရမယ့် အပိုင်းဖြစ်ပါတယ်။ Windows 10 ကို ထည့်သွင်းတော့မှာဖြစ်တဲ့အတွက် PC ကို reboot လုပ်ဆောင်ပေးရပါမယ်။ First boot ကို USB drive ကိုရွေးချယ်ပြီးနောက် ပုံမှန် Windows 10 တင်သလိုမျိုးဘဲ လမ်းညွှန်ချက်တွေအတိုင်း Android ဖုန်းကနေ Windows 10 ကို install လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။



ဒါဆိုရင် Android phone ကို အသုံးပြုပြီး Windows 10 ကို ကွန်ပျူတာမှာ အလွယ်တကူနဲ့ ထည့်သွင်းနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။


 
 
-ကိုသီဟ
Credit to ==> Internet Journal
Read More ...

♪ Ubuntu OS မှာ Flacon ကို ထည့်သွင်းခြင်း ♫


Flacon ဆိုတာကတော့ Ubuntu OS မှာ အသုံးပြုနိုင်မယ့် Audio File Encoder ဆော့ဖ်ဝဲတစ်ခုပဲ ဖြစ်ပါတယ်။ Flacon ကို Ubuntu OS version 16.04 နဲ့ 17.04 တို့မှာ ထည့်သွင်း သုံးစွဲချင်သူတွေအနေနဲ့ ဖော်ပြပါနည်းလမ်းအတိုင်း ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။

Flacon ကို Ubuntu OS မှာ ထည့်သွင်းမယ်ဆိုရင် အဆိုပါနည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။ ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကိုအရင် Update ပြုလုပ်ရမှာဖြစ် ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ် ပေးရပါမယ်။

Flacon ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –
sudo add-apt-repository ppa:flacon
sudo apt-get update
sudo apt-get install flacon
ဆိုတဲ့ command တွေကိုအသုံးပြုပြီး ထည့်သွင်းရမှာ ဖြစ် ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူမှာ ဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်းပေး ရပါမယ်။ Package တွေကို download လုပ်ပြီးပြီဆိုရင်တစ်ခါတည်း ထည့်သွင်းပေး သွားပါလိမ့်မယ်။ ဒါကတော့ Ubuntu OS 16.04 နဲ့ 17.04 တို့မှာ Flacon version 3.0.0ကို ထည့်သွင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။


-သီဟ


Credit to ==> Internet Journal
Read More ...

♪ ဖုန်းအသုံးပြုစဉ် ဖုန်းပူနွေးလာခြင်းကို ဘယ်လိုလျော့ချမလဲ ♫

စမတ်ဖုန်းတွေမှာ နောက်ဆုံး ပေါ် မြန်ဆန်တဲ့ အားသွင်းစနစ် ထောက်ပံ့ပါဝင်လာတဲ့အပြင် ဘက်ထရီ ကြီးကြီးနဲ့ processor စွမ်းဆောင်ရည် မြင့်မားလာတာနဲ့အမျှ ဖုန်းကို Multi-tasks အနေနဲ့ အွန်လိုင်းသုံးရင်း သီချင်းနာထောင်တာမျိုး၊ Download လုပ်ရင်း ဗီဒီယိုကြည့်တာမျိုး စတာတွေကို ကောင်းစွာလုပ်ဆောင် လာနိုင်ပါတယ်။ ဒါအပြင် 3D နဲ့ HD အမျိုးအစားဂိမ်းတွေနဲ့ တခြားသော App တွေ တစ်ပြိုင်နက် အသုံးပြုတဲ့အခါ မျိုးတွေမှာ ဖုန်းကိုယ်ထည် ပူနွေးလာနိုင်ပါတယ်။

နောက်တစ်ခုက ဖုန်းကို အားသွင်းရင်းနဲ့ အွန်လိုင်းသုံးတာ ဂိမ်းကစားတာစတာတွေကလည်း ဖုန်းရဲ့ဘက်ထရီစနစ်ကို ထိခိုက်စေမှာဖြစ်ပြီး ဖုန်းပုံမှန်ထက် ပိုမိုပူနွေးလာမှုတွေအပြင် ပျက်စီးမှုတွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီလိုမျိုး ဖုန်းကိုယ်ထည် ပူနွေးလာမှု က Hardware ပိုင်းနဲ့ဆိုင်တာဖြစ်တဲ့အတွက် ခုဖော်ပြပေးတဲ့ နည်းလမ်းတွေ အသုံးပြုပြီး ဖုန်းကိုယ်ထည်အပူချိန် တိုးမြှင့်လာမှုကို လျော့ချနိုင်မှာဖြစ်ပါ တယ်။

အရင်ဆုံးအနေနဲ့ ဖုန်းသုံးရင်း ဖုန်းကိုယ်ထည် ပုံမှန်ထက် ပိုမိုပူနွေးလာပါက ကိုယ်ကဖုန်းကို ကာဗာတပ်ပြီး အသုံးပြုတာဆိုရင်တော့ ကာဗာကို အပူချိန်လျော့ကျတဲ့အထိ ဖြုတ်ထားလိုက်ပါ။ ဘာလို့လဲဆိုတော့ တစ်ချို့သောကာဗာတွေက ဖုန်းကိုယ်ထည် ပူနွေးလာမှုကို မလျော့ကျစေတဲ့အပြင် ပိုမိုပူနွေးမှုကို ဖြစ်တာကြောင့် ဖြစ်ပါတယ်။



ဖုန်းကို အားသွင်းနေတဲ့အခါ မျိုးတွေမှာလည်း ဖုန်းကိုယ်ထည်က သာမန်ထက် ပိုမိုပူနွေးလာနိုင်ပါတယ်။ အဲဒါကြောင့် ဖုန်းကို အားသွင်းတဲ့အခါမှာ ဆိုဖာ၊ ဒါမှမဟုတ် မွေ့ယာ၊ ခေါင်းအုံးစတဲ့ အပူကိုစုပ်ယူ သိုလှောင်ထားနိုင်တဲ့ နေရာမျိုးတွေပေါ် တင်မထားဘဲ မာကျောမှုရှိတဲ့ မျက်နှာပြင်ဖြစ်တဲ့ စားပွဲ၊ သစ်သားခုံ စတာတွေပေါ်မှာ ထားရှိပြီး အားသွင်းပါ။ အဲလိုအားသွင်းမယ်ဆိုရင်တော့ ဖုန်းကိုယ်ထည် ပူနွေးမှုကို လျော့ချနိုင်မှာဖြစ်ပါတယ်။



ဖုန်းကို တစ်ညတာလုံး အားသွင်းထားတာမျိုးကလည်း အသုံးပြုမှုကြာလာတဲ့အခါမျိုးမှာ ဖုန်းကိုယ်ထည် ပုံမှန်ထက် ပူနွေးမှုကို ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ဖုန်းကိုတစ်ညတာလုံး အားသွင်းပြီး အိပ်စက်တာ မျိုးတွေ ရှောင်ရှားပါ။



အချို့သော App တွေက ဖုန်းရဲ့ ဂရပ်ဖစ်ပိုင်းနဲ့ ပါဝါပိုင်းကို ပုံမှန်ထက်ပိုမို အသုံးပြုပါတယ်။ အဲဒီလို App တွေက ဖုန်းရဲ့ ကိုယ်ထည့်ကို အသုံးပြုနေစဉ် အချိန်တိုတိုအတွင်းမှာ ပိုမိုပူနွေးလာစေပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ background မှာ အလုပ်လုပ်နေတဲ့ Battery App၊ အွန်လိုင်း Speed Tester ၊ Task Killer စတဲ့ App တွေကလည်း ဖုန်းရဲ့ ပါဝါသုံးစွဲမှုကို မြင့်တက်စေတဲ့ပါတယ်။ အဲလိုမျိုး App တွေကို ပိတ်ထားပေးမယ်ဆိုရင်လည်း ဖုန်းကိုယ်ထည် ပူနွေးလာမှုကို လျော့ချနိုင်မှာဖြစ်ပါတယ်။



နောက်ထပ် ဖုန်းကိုယ်ထည် ပူနွေးမှုကတော့ ဖုန်းကိုနေရောင် တိုက်ရိုက်ကျတဲ့ နေရာမှာအသုံးပြု တာဖြစ်ပါတယ်။ ဖုန်းရဲ့ကိုယ်ထည်က ပလပ်စတစ်ကိုယ်ထည်၊ ပလပ်စတစ်နဲ့ သတ္တုစပ်ကိုယ် ထည်အမျိုးအစားတွေ ဖြစ်တဲ့အတွက် ပူပြင်းတဲ့နေရောင် တိုက်ရိုက် ဖုန်းပေါ်ကျတဲ့ အချိန်မျိုးမှာ ဖုန်းကိုအသုံးပြုခြင်းကလည်း ဖုန်းကိုယ်ထည်ကို သာမန်ထက်ပိုမို ပူနွေးလာနိုင်တဲ့အတွက် ရှောင်ရှားသင့် ပါတယ်။



နောက်ဆုံးတစ်ချက်အနေနဲ့ ဖုန်းရဲ့ အော်ရီဂျင်နယ် အားသွင်းကြိုး၊ ဘက်ထရီတွေအစား Third party လိုခေါ်တဲ့ အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်တဲ့ ဈေးနှုန်းသက်သာတဲ့ ဘက်ထရီနဲ့ အားသွင်းကြိုးတွေက ဖုန်းကိုယ်ထည်ပူ နွေးမှုတွေဖြစ်နိုင်ပါတယ်။ ဖုန်းမှာ ဘက်ထရီ မကောင်းတော့တဲ့ အခါမျိုးမှာလည်း ဖုန်းကိုယ်ထည် ပူနွေးနိုင်ပါတယ်။ အဲဒါကြောင့် ဖုန်းကိုအားသွင်းတဲ့ အခါမျိုးမှာ ဝယ်ယူစဉ်ကပါဝင်တဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးကိုသာ အသုံးပြုအားသွင်းသင့်ပါတယ်။ တွေ့ကရာ အားသွင်းကြိုးတွေ အသုံးပြု တာမျိုးရှောင်ရှားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့သော အားသွင်းကြိုးတွေက ဖုန်းမော်ဒယ် တစ်မျိုးတည်းအတွက်သာ ဖန်တီးထုတ်လုပ် ထားတာဖြစ်တဲ့အတွက် ကိုယ့်ဖုန်းနဲ့ မကိုက်တာမျိုးမှာ ဖုန်းပျက်စီးတာနဲ့ သာမန်ထက် ဖုန်းကိုယ်ထည် ပိုမိုပူနွေးတာaတွ ဖြစ်နိုင်တာကြောင့်ဖြစ်ပါတယ်။





-ရဲထွဋ်ဝင်း
Credit to ==> Internet Journal
Read More ...

♪ VPN အသုံးပြုနည်း & VPN ဆိုတာဘာလဲ ♫

vpn-18-0

VPN အသုံးပြုနည်းကို မပြောခင် … VPN ဆိုတာဘာလဲ … VPN ကို ဘာကြောင့်သုံးရတာလဲ … ဘာအတွက် သုံးတာလဲဆိုတာလေး နဲနဲပြောခြင်ပါတယ် … ဗဟုသုတအနေနဲ့ပါ …
VPN ဆိုတာ  က Virtual Private Network ဟုဆိုလိုခြင်းဖြစ်ပါတယ် … Virtual Private Network ဆိုတာဘာလဲ ? VPN ဆိုတာ ကိုယ့်ကွန်ပြူတာ ကနေ ပို့လွှတ်လိုက်တဲ့ Data တွေကို အင်တာနက်ထဲမှာ ကိုယ်ဘာလုပ်နေတယ် ဆိုတာ တစ်ခြားသူ တစ်ယောက် ( သို့မဟုတ် ) အဖွဲ့အစည်းတစ်ခုကနေ ကြားဖြတ်ဖမ်းယူ ကြည့်ရှုလို့ မရအောင် Data တွေကို VPN Server တွေကနေ Encrypt လုပ်ပစ်ပြီး အင်တာနက်ထဲမှာ ကိုယ့်ရဲ့ လှုပ်ရှားသွားလာမှုကို လုံခြုံစေအောင် စီမံခန့်ခွဲပေးပါတယ်
 – လုံခြုံမှု အဆင့်မြင့်မားတဲ့ VPN တွေမှာဆိုရင် ကိုယ် အင်တာနက်ထဲမှာ လည်ပတ်သွားလာတဲ့ browsing history တွေကိုတောင် Record လုပ်ထားတာမျိုး မရှိပါဘူး – ဒါ့ကြောင့် သဘောက ကျွန်တော်တို့မှာ IP addresses တွေရှိပြီး ISP နဲ့ ဆက်သွယ် လုပ်ကိုင်နေရတယ် ဆိုပေမယ့် VPN ရဲ့ ကာကွယ်ပေးထားမှုကြောင့် ကျွန်တော်တို့တွေက အင်တာနက်ထဲမှာ Anonymous user သဘောမျိုး ဖြစ်နေမှာပါ။ ကဲ … ဒါက … တခြားဘက်နဲနဲရောက်သွားတယ် … ကျနော်တို့ ဖုန်းနဲ့ပတ်သတ်တာလေးပဲ … ပြန်ပြောရအောင် …
ဖုန်းမှာဘာလို့ VPN သုံးတာလဲဆိုတာကတော့ … Play store က Latest update တွေ လိုချင်လို့ရယ် … Play store မှ Games တွေ Application တွေကို ဝယ်ဖို့အတွက်ရယ်ကြောင့်ပါ … မြန်မာပြည်ကနေ Play store ကို ဝင်ရင် Free Application တွေလောက်ပဲ ဒေါင်းလုပ်လုပ်လို့ရမှာဖြစ်ပြီး … ပိုက်ဆံပေးရတဲ့ Application တွေ တခြားနိုင်ငံထုပ်တဲ့ Application တွေကို မြင်ရမှာမဟုတ်သလို မြင်ရလျှင်လဲ Loaction Error ကြောင့် Download လုပ်ပြီးအသုံးပြုနိုင်မှာမဟုတ်ပါဘူး … အခြားခြားအမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ VPN ကို အသုံးပြုလေ့ရှီပါတယ် … နောက်တစ်ခု လိုအပ်တာလေးတွေကို Freedom ခံပြီး သုံးဖို့ရယ် အတွက်ဆို သဘောပေါက်မယ်လို့ထင်ပါတယ် …. :P :P
Application APK တွေ အသုံးပြုပြီးမှ VPN အသုံးပြုလို့ရတာမဟုတ်ပါဘူးခဗျာ … Application တွေမပါပဲနဲ့လဲ VPN အသုံးပြုလို့ရပါတယ် … သိပြီးသားသူတွေလဲရှီမှာပါ … မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဖော်ပြလိုက်ပါတယ် …
For Android
၁။ Setting > More > VPN ကိုသွားပါ … Box တစ်ခုကြလာပြီး Password တစ်ခုပေးခိုင်းပါလိမ့်မည်။ OK နှိပ်ပါ … Parttern, PIN, Password, Gesture ထဲမှ တစ်ခုခုကိုရွေးချယ်ပြီး Password တစ်ခုတည်ဆောက်ပေးလိုက်ပါ … ထို Password သည် … LockScreen အထိသက်ရောက်ပါတယ် …
၂။ Password ပေးပြီးရင် VPN Main Page ကိုရောက်ရှီသွားပါပြီ။ VPN Main Page ရောက်သွားပေမဲ့ Server တစ်ခုမျှရှီသေးမည်မဟုတ်ပါ။ ကျနော်တို့ အသုံးပြုခြင်တဲ့ နိုင်ငံက Server ကို လှမ်းချိတ်ဆက်ရမည်ဖြစ်ပါတယ် … ကျနော်ကတော့ US VPN server တစ်ခုကို ချိတ်ဆက်ပြပါမယ် … ဤနည်းဖြင့် အခြားနိုင့် VPN Server များကို ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါသည်။
၃။ VPN Main Page မှ အပေါ် ညာဘက်ထောင့်နားက အပေါင်းပုံကို တစ်ချက်နှိပ်ပါ …
1

၎။ Box တစ်ခုကြလာပါလိမ့်မည် … ပုံတွင်ပြထားသည့်အတိုင်းဖြည့်ပေးလိုက်ပါ … ပြီးရင်တော့ Save လုပ်ပေးလိုက်ပါ။
2

၅။ ထိုအခါ Server တစ်ခုကို ချိတ်ဆက်ဖို့အတွက် Virtual Private Network တစ်ခုကို မိမိ ကိုယ်တိုင်တည်ဆောက်လို့ပြီးပါပြီခဗျာ ….
3

၆။ မိမိဖုန်းရဲ့ Mobile Data ကိုဖွင့်ပါ … ပြီးရင် ယခုမြင်တွေ့ရသော VPNBook ကိုတစ်ချက် နှိပ်ပါ … ထိုအခါ … Username နှင့် Password လာတောင်းပါလိမ့်မည် …
Username – vpnbookPassword – DewuwrA2
ကိုဖြည့်ပေးလိုက်ပါ … ပြီးရင် Save account information ကို On ပြီး Connect ကိုနှိပ်လိုက်ပါ …
4

၇။ စတင်ပြီး Server Connection ရရန် ချိတ်ဆက်နေပါလိမ့်မယ် …
5

၈။ ချိတ်ဆက်မီပြီဆိုပါက ပုံ၏ ဘယ်လက်အပေါ်တွင် သော့ပုံလေးပေါ်လာပါလိမ့်မည်။
၉။ ထိုအခါ Setting > Application > Google Play Store ကိုသွားပြီး Clear cache/ Clear Data/ Force stop သုံးခုလုံးကို နှိပ်ပေးလိုက်ပါ။ ပြီးပါက Play store ပြန်ဝင်ကြည့်ပါ … ထိုအခါ US မှာ အသုံးပြုတဲ့အတိုင်း Play store မှာအသုံးပြုနိုင်ပါပြီ …

မှာလေ့လာနိုင်ပါတယ် … VPNBook ကဲ့သို့ Website ပေါင်းများစွာရှီပါတယ် … ရှာဖွေအသုံးပြုနိုင်ပါတယ်ခဗျာ …
အဆင်ပြေစွာ အသုံးပြုနိုင်ကြပါစေ …

Sharing – Thaw Tar
Read More ...
Related Posts Plugin for WordPress, Blogger...

Bookmarks