Post အသစ်တင်တိုင်ဖတ်ချင်ရင် Like နှိပ်ပေးသွားပါနော်

မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Wednesday, November 29, 2017

♪ စမတ်ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်ဆိုတာ???? (ပထမပိုင်း) ♫


စမတ်ဖုန်းတစ်လုံးကို ဝယ်မယ်ဆိုတာနဲ့ ဘာကိုအရင်ဆုံးစဉ်းစားမလဲ??
ဘယ်သူပဲနေနေ ဖုန်းတစ်လုံးဝယ်မယ်ဆိုတာနဲ့ ပထမဆုံးစကြည့်လိုက်တာက ဒီဇိုင်းလှလား? Display resolution ဘယ်လောက်လဲ? ကင်မရာကရော MP(resolution) ဘယ်လောက်လဲ? CPU ဘယ်လောက်ပါတာသုံးမလဲ? RAM ဘယ်လောက်များလဲ? Internal Storage ကရောဘယ်လောက်လဲ? အထူးသဖြင့်ကတော့ ဘယ် Brand လဲ? စတာတွေပါ။ ဒါဘယ်သူပဲနေနေဖုန်းဝယ်မယ်ဆိုတာနဲ့ ဒါတွေကိုစကြည့်ရမှာပါပဲ။ ဒါပေမယ့် နေ့တိုင်းသုံးဖို့အတွက်ဆိုရင် အပေါ်ကအချက်တွေထဲက အရေးကြီးဆုံးက ဘာဖြစ်ရမလဲ???

နေ့တိုင်းသုံးရတော့မယ်ဆိုတာနဲ့ အရေးကြီးဆုံးက Performance ပါ။ စမတ်ဖုန်းတစ်လံုးရဲ့စွမ်းဆောင်ရည်မကောင်းဘူးဆိုရင် သုံးရတာကြာလာလေ စိတ်မချမ်းသာလေ ဖြစ်လာမှာပါ။ ဒီတော့ စမတ်ဖုန်းတစ်လုံးဝယ်တိုင်းအဓိကအကျဆုံး စွမ်းဆောင်ရည်အကြောင်းလေးကို ဒီဆောင်းပါးလေးမှာ ဖြော်ပပေးသွားပါမယ်။ ဒါက နောက်တစ်ခါသင်ဖုန်းဝယ်မယ်ဆိုရင် အထောက်အကူပြုပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ performance အကြောင်းကို အသေးစိတ်ပြောပြချင်တဲ့ အတွက် တစ်ရက်ချင်းစီခွဲပြီးပြောပြပေးသွားပါမယ်။

စပြောရမယ်ဆိုရင်တော့ User တစ်ယောက်ချင်းစီတိုင်းက ဘာကို အဓိကထားသုံးမှာလဲဆိုတာကိုလိုက်ပြီး ဖုန်းရဲ့ လိုအပ်တဲ့စွမ်းဆောင်ရည်ပမာဏ ကွာသွားပါလိမ့်မယ်။ တချို့တွေက ဂိမ်းအကြီးကြီးတွေ ကစားချင်ကစားမယ် ဒါဆို စွမ်းဆောင်ရည်မြင့်မှရပါမယ်။ တချို့ကတော့ multitasking အသားပေးတဲ့ဂိမ်းတွေကစားကြမယ် ဒါတော့ စွမ်းဆောင်ရည်အလယ်အလတ်လောက်ဆိုအဆင်ပြေပါပြီ။ ဒါပေမယ့် တချို့ကျဘာဂိမ်းမှမကစားဘဲ နေ့တိုင်း web browser သုံးမယ်၊ စာတွေဖတ်မယ် Facebook လို ဆိုရှယ်မီဒီယာတွေသုံးမယ်ဆိုတဲ့သူတွေအတွက်တော့ သိပ်ပြဿနာမရှိပါဘူး။


ပထမဦးဆုံး စမတ်ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်ဆိုတာနဲ့ “အဓိကအပိုင်း ၅ ပိုင်း” လို့ဆိုရမယ့် SOC (System on a chip) လို့ခေါ်တဲ့ CPU ရယ်၊ GPU ရယ်၊ RAM ၊ ROM ( internal storage) နဲ့ Software ဆိုပြီးရှိပါမယ်။ ဒီနေ့ကတော့ CPU အကြောင်းကိုပဲ ပြောပြပေးသွားမှာပါ။

CPU
CPU ဆိုတာကတော့ ဖုန်းတစ်လုံးမှာ အမျိုးမျိုးသောလုပ်ဆောင်ချက်တွေကိုလုပ်ဖို့ရာအတွက် လမ်းညွှန်ချက် ခိုင်းစေချက် (instruction) တွေကို လုပ်ဆောင်ပေးရတဲ့နေရာဖြစ်ပါတယ်။ အခုနောက်ပိုင်းစမတ်ဖုန်းတွေရဲ့ CPU မှာတော့ အဓိကလုပ်ဆောင်ပေးရတဲ့ main-processor အပြင် တခြားသော system တွေပါ ပါလာတဲ့အတွက် system တွေကိုစုစည်းထားတဲ့ chip (System on a Chip <SOC>) လို့ခေါ်လာကြတာဖြစ်ပါတယ်။ ဒီ SOC လေးက စမတ်ဖုန်းတစ်လုံးရဲ့စွမ်းဆောင်ရည်ကို သတ်မှတ်ပေးတာဖြစ်လို့ CPU (processor) ကို မှန်မှန်ကန်ကန်ရွေးတတ်ဖို့ အင်မတန်အရေးကြီးပါတယ်။


CPU လို့ဆိုတာနဲ့ ဘာနဲ့တိုင်းတာမလဲဆိုတဲ့ တိုင်းတာချက်တွေပါလာပါပြီ။ Cores, Clock Speeds နဲ့ Process Technology ဆိုတဲ့သုံးမျိုးကို ဘယ်လိုပြည့်စုံအောင် ဖန်တီးထားလဲပေါ်မူတည်ပြီး CPU ရဲ့စွမ်းဆောင်ရည်တွေ ကွဲပြားသွားမှာဖြစ်ပါတယ်။

တချို့က Octa-core processor က Quad-core processor ထက် အမြဲတမ်းပိုကောင်းတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် တကယ်တမ်း CPU က ဂဏန်းအနည်းအများနဲ့တင်အလုပ်လုပ်တာမဟုတ်ပါဘူး။ CPU မှာတင်ကို core ၂ခု ထပ်ကွဲသွားပြီး  Big or High-power cores နဲ့ Small or Low-Power cores လို့ခေါ်ထားပါတယ်။ ဥပမာ Cortex A73 ဆိုရင်တော့ High-power core ဖြစ်ပြီးတော့ Cortex A53 ဆိုရင် low-power core လို့ခေါ်ရမှာပါ။ ပုံမှာတော့ Quadcore နဲ့ Octacore ကိုသာပြပေးထားပါတယ်။ Hexacore တို့ Decacore တို့ဆိုရင်လည်း ဒီတိုင်းပဲအလုပ်လုပ်မှာပါပဲ။
နာမည်အတိုင်းပဲ High-power core တွေက စွမ်းဆောင်ချက်ပိုမြင့်သလို အားလည်း ပိုကုန်ပြီး Low-power core တွေကတော့ စွမ်းဆောင်ရည်နိမ့်သလို အားလည်းသိပ်မကုန်ပါဘူး။
Clock Speed

နောက်တစ်ခု Clock speed ကတော့ Core တွေလုပ်ဆောင်တဲ့အမြန်နှုန်းတိုင်းတာချက်ကို ခေါ်တာဖြစ်ပါတယ်။ clock speed ပိုမြင့်လေလေ လုပ်ဆောင်ချက်ပိုမြန်လေလေပါပဲ။ တစ်ခုရှိတာက performance ပိုကောင်းလာပေမယ့် clock speed မြင့်နေတဲ့အတွက်ကြောင့် အပူများများထွက်ပါတယ်။ ဒီအခါမှာ ခနနေဖော်ပြမယ့် Process Technology နဲ့ဆိုင်သွားပါပြီ။ CPU clock speed တွေကိုတော့ Gigahertz (GHz) နဲ့တိုင်းတာပါတယ်။
တကယ်လို့ CPU က HP နဲပ LP ၂ခုပေါင်းထားရင်တောင်မှ HP core က clock speed ပိုမြန်ပြီး LP core တွေက clock speed နှေးပါတယ်။ ဒါပေမယ့် clock speed နှေးတဲ့ Low-power core တွေလို့ခေါ်တာထက် အားချွေတာတဲ့ Energy Efficiency core တွေလို့ခေါ်တာပိုမှန်ပါလိမ့်မယ်။ ပြောခဲ့သလို clock speed မြန်တိုင်းအပူများများထွက်တာအမြဲတမ်းမဟုတ်ပါဘူး Process လုပ်တဲ့နည်းပညာကိုကြည့်ရပါပြီ။

Process Technology


14nm Process လေ လို့ပြောတာကြားဖူးကြမှာပါ။ ဒီမှာ Nanometer ဆိုတာကို ပရိုဆက်ဆာရဲ့ အရွယ်အစားလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့ 14nm ဆိုတာက သာမန်မျက်စိလောက်နဲ့တောင် မမြင်နိုင်လောက်အောင် တော်တော်ကြီးသေးလွန်းပါတယ်။

ဒါဆို Nanometer ကာလဲဆိုတော့ processor ပေါ်မှာ အပြိုင်ရှိနေတဲ့ Transistor ၂ခုကြားက အကွာအဝေးပါ။ Process Technology ဆိုတာက ဒီအကွာအဝေးတွေကို ဆိုချင်တာပါ။ အခုလက်ရှိမှာတော့ 10nm processor နဲ့ 7nm processor တွေကို ဖန်တီးနေကြဆဲဖြစ်ပြီး Process Technology ရဲ့ အရွယ်အစားသေးလာလေလေ performance ပိုကောင်းလာလေလေပါ။

ဒါဆို Transistor တွေရဲ့အကွာအဝေးကိုလျှော့ချတာနဲ့ ဘာဆိုင်လို့လဲလို့ မေးကောင်းမေးပါလိမ့်မယ်။ တကယ်က ကြားထဲကအကွာအဝေးကိုလျှော့ချလိုက်တာနဲ့ ကြားထဲကသွားရတဲ့အကွာအဝေးနည်းသွားပြီး အားကုန်တာသက်သာတဲ့အတွက် အပူလည်းနည်းနည်းပဲထွက်တော့တာပါ။ processor အရွယ်အစားသေးလေလေ CPU မြန်မြန်အလုပ်လုပ်နိုင်လေလေ အားသက်သာလေလေပါပဲ။ core ချင်းတူရင်တောင်မှ 14nm processor က 28nm processor ထက် အားကုန်သက်သာပြီး အပူထွက်လည်း နည်းပါမယ်။ ဒီတော့ performance လည်းပိုကောင်းလာပါတယ်။ ဒါကတော့ CPU နဲ့ပတ်သတ်လို့ သိသင့်သမျှလေးတွေပါ။ နက်ဖြန်ကျမှ GPU အကြောင်း ဆက်ပြောကြရအောင်….



Credit to ==> Digital Times







 






No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...

Bookmarks